အိုင်ထောင်မပြုသူများနဲ့ မုဆိုးမများနဲ့ ဆိုင်လဲ့ မေးခွန်းများ
25 နင်လို့ စာရေး မေးမြန်းလဲ့ အိုင်ထောင်မပြုသူများနဲ့ ပတ်သက်ယွေ့ ငါပြောမဲ့စကားဟ ငါ့အား သခင်ဘုရား မိန့်ချက်အရ ပြောသောစကား မဟုတ်၊ အားပေမဲ့ သခင်ဘုရားရဲ့ သနားခြင်းကျောန့် သစ္စာဆိသူ တယောက်အနေဖြင့် ငါရဲ့ ထင်မြင်ချက်ဟို ဖော်ပြလိုက်အယ်။