10 ဟေကိစ္စမျိုးနှိုက် အားနည်းသောသူဟ "အသိပညာ" ဆိသောသူဟို ရုပ်တုစင် ဆေ့နှိုက် စားသောက်နေသော နင့်ဟို မျော်အယ် ဆိုပါစို့။ ရုပ်တုအား ဆက်သလဲ့ ပူဇော်သကာဟို စားရဲမှာ မဟုတ်လော။ 11 အဲလိုမို့ အားနည်းသူ ညီအကိုအတွက် ခရစ်တော် အသေခံခဲ့သော်လည်း နင်ရဲ့ "အသိပညာ" ကျောန့် အေးသူဟ ပျက်စီးရလိမ့်မယ်။ 12 ဟေနည်းအားဖြင့် နင်လို့ဟ မိမိလို့ ညီအကိုများအား ပစ်မားယွေ့ သူလို့ရဲ့ အားနည်းသော ဩတ္တပ္ပစိတ်ဟို ထိခိုက်စေခြင်းအားဖြင့် ခရစ်တော်ဟိုလည်း ပစ်မားရာ ရောက်လိမ့်မယ်။ 13 အဲကျောန့် ငါရဲ့ အစားအစာ စားခြင်းဟ ညီအကိုအား မားယွင်းစေမယ်ဆိုရင် ငါဟ ငါ့ညီအကိုအား မားယွင်းစရာအကျောန်း မဆိစေရန် အသားဟို မစားဘဲ အစဉ်မပြတ် ဆှောင်မယ်။
Publicidade