ဘုရားသခင်ရဲ့ လူပဲ့သငယ်များ
1 ၃.၁ ယော ၁.၁၂ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု ခေါ်ခြင်းခံရကြသော အခွင့်ဟို ရကြသဖြင့် ငါလို့အား ခမည်းတော်ဟ စလောက်ချစ်တာဟို ဆင်ခြင်ကြလော့။ ငါလို့ဟ အမန်ပင် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ဟေအကျောန်းကျောန့် ဟေလောကသားလို့ဟ ငါလို့ဟို မသိ၊ သူလို့ဟ ခမည်းတော်ဟိုလည်း မသိ။ 2 ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။