9 ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။ 10 ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။
Publicidade