23 အကျောန်းမှာ နင်လို့ဟ ပျက်စီးတတ်သော မျိုးစေ့အားဖြင့် မဟုတ်ဘဲ ပျက်စီးခြင်းနဲ့ လွတ်လဲ့ မျိုးစေ့တည်းဟူသော အသက်ဆှင်ယွေ့ အမြဲတည်လဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသစ်တဖန် မွေးဖွားစေခြင်းဟို ခံရကြပီ။ 24 အကျောန်းမှာ ကျမ်းစာနှိုက်
"လူအပေါင်းလို့ဟ မြက်ပင်လိုမျိုး ဖြစ်ယွေ့၊
သူလို့ရဲ့ ဘုန်းအသရေ ဆိသမျှဟလည်း မြက်ပွင့်လိုမျိုး ဖြစ်အယ်။
မြက်ပင်ဟ နွမ်းသွားယွေ့ အပွင့်ဟလည်း ကြွေတတ်အယ်။
25 အဲလိုလဲ ထာဝရဘုရားရဲ့ နှုတ်ကပတ်တော်ဟ အမြဲတမ်း တည်အယ်" ဟု ဖော်ပြပင်း
နှုတ်ကပတ်တော်ဟ နင်လို့အားပြောလဲ့ ကောင်းမြတ်သော သတင်းပင် ဖြစ်အယ်။