အသက်ဆှင်သော မျှော်လင့်ခြင်း
3 ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊ 4 ဘုရားသခင်ဟ မိမိလူမျိုးအတွက် စောင့်ဆှောက်ပေးသော ကြွယ်ဝသော ကောင်းချီးများကို ပိုင်ဆိုင်ရန် ငါလို့ မျှော်လင့်ပါအယ်။ နင်လို့အတွက် ခေါန်းခင်ဘုံနှိုက် သိမ်းထားလဲ့ ယိုယွင်းပျက်စီးခြင်း၊ စုတ်ပဲ့ခြင်းနဲ့ မှေးမိန်ခြင်းလို့ မဆိသော အမွေတော်ထဲဟိုလည်းကောင်း အသစ်တခါ မွေးဖွားစေအယ်။