ဖိုးအိုများနဲ့ ပေါင်အိုမများ
1 ၃.၁ ဧ ၅.၂၂; ကော ၃.၁၈ အေးနည်းတူ ပေါင်အိုမလို့၊ နင်လို့ရဲ့ ဖိုးအိုများရဲ့ အုပ်စိုးခြင်းဟို နာခံကြလော့။ အေးလို့လုပ်ရင် တချို့ဖိုးအိုလို့ဟ နှုတ်ကပတ်တရားဟို မယုံကြည်ကြရင်တောင် နင်လို့ရဲ့ ကြောက်ရွံ့ရိုသေမှုနဲ့ သန့်ဆှင်းစင်ကြယ်သော အသက်ဆှင် နေထိန်မှုကို မျော်လျက် ပေါင်အိုမရဲ့ စကားအားဖြင့် မဟုတ်ဘဲ၊ 2 အသက်ဆှင် နေထိန်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မယ်။ 3 ၃.၃ ၁ တိ ၂.၉နင်လို့ရဲ့ တန်ဆာဆင်ခြင်းဟ ဆံပင်ကျစ်ခြင်း၊ ဆွေတန်ဆာဆင်ခြင်း၊ အဝတ်အစားများဖြင့် ဆင်ယင်ခြင်း ဟူသော အပြင်ပန်း တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ 4 နူးညံ့သိမ်မွေ့ယွေ့ တည်ငြိမ်လဲ့ စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနဲ့ ကင်းလဲ့ စိတ်နေလုံးနဲ့ဆိုင်လဲ့ အတွင်းဝိညာဉ်လူရဲ့ တန်ဆာဆင်ခြင်း ဖြစ်စေကြလော့။ ဟေစာဟ ဘုရားသခင်ဆေ့နှိုက် ရမ်းဆာ့ အဖိုးထိုက်သောအရာ ဖြစ်အယ်။ 5 မခင်ဟ ဘုရားသခင်ဟို မျော်လင့်အားထားသော သန့်ဆှင်းလဲ့ မိန်းမလို့ဟ မိမိလို့ရဲ့ ဖိုးအိုများရဲ့ စကားဟို နားထောင်ခြင်းဖြင့် လှပအောန် တန်ဆာဆင်ကြအယ်။ 6 စာရာဟ အာဗြဟံဟို နာခံယွေ့ သူ့ဟို သခင်ဟု ခေါ်အယ်။ နင်လို့ဟလည်း ပစာဟိုမှ မကြောက်တော့ဘဲ ကောင်းသောအမှုများဟိုသာ လုပ်ရင် သူ့ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။