18 အကျောန်းမှာ ခရစ်တော်ဟ နင့်အား အပစ်များအတွက် တခါတည်း အသေခံ၃.၁၈ အသေခံ၊ ရမ်းဆာ့သော လက်ရေးမူကျမ်းတွင် ဆင်းရဲဒုက္ခ၊ ဟု ပါဆိအယ်။ခဲ့အယ်။ နင်လို့ဟို ဘုရားသခင်ဆေဟို ပို့ဆောင်မဲ့အကျောန်း ဖြောင့်မတ်သောသူဟ မဖြောင့်မတ်သောသူလို့ ကိုယ်စား ဒုက္ခဝေဒနာဟို ခံစားစေအယ်။ ကိုယ်တော်ဟ ကိုယ်ကာယနှိုက် အမန်အသေခံသော်လည်း ဝိညာဉ်တော်နှိုက် အသက်ဆှင်အယ်။