5 အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ "ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်" ဟု ကျမ်းစာဟ ဖော်ပြထားအယ်။ 6 အဲလိုမို့ အချိန်တန်လာသောအခါ နင်လို့ဟို ချီးမြှောက်မဲ့အကျောန်း ဘုရားသခင်ရဲ့ တန်ခိုးကြီးသော လက်တော်အောက်နှိုက် မိမိကိုယ်ကို နှိမ့်ချကြလော့။
Publicidade
Publicidade