မားယွင်းသော သွန်သင်ခြင်းဟို ဆန့်ကျင်ရန် သတိပေးခြင်း
3 မာကေဒေါနိပြေဟို သွားစဉ်ဟ နင့်ဟို ငါတိုက်တွန်းနှိုးဆော်ခဲ့လဲ့အတိုင်း နင်ဟ ဧဖက်မြို့နှိုက် ဆက်လက်နေထိန်ယွေ့ လူအချို့လို့အား ခြားနားသော ဩဝါဒဟို မသွန်သင်ကြရန် လည်းကောင်း၊ 4 ဒဏ္ဍာရီများနဲ့ မဆုံးနိန်သော ဆွေစဉ်မျိုးဆက်စာရင်းများဟို အာရုံမစိုက်ကြရန် လည်းကောင်း ညွှန်ကြားလော့။ အဲအရာလို့ဟ ယုံကြည်ခြင်းနှိုက် တည်သော ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများဟိုသာ ဖြစ်စေအယ်။