5 အကျောန်းမှာ ဘုရားသခင် တပါးတည်းဆိယွေ့ ဘုရားသခင်နဲ့ လူလို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တပါးတည်း ဆိအယ်၊ အဲသူဟ လူဖြစ်သော ခရစ်တော် ယေရှု ဖြစ်အယ်၊ 6 ကိုယ်တော်ဟ လူအားလုံးလို့ဟို ကယ်တင်ရန် မိမိတတ်တိုင်း စွန့်အယ်။ ဟေဟာဟ အချိန်တန်သောအခါ လူအပေါင်းလို့အား ကယ်တင်ရန် ဘုရားသခင် အလိုဆိကျောန်း သက်သေပြခြင်း ဖြစ်အယ်။