အသင်းတော်ဆိ ခေါင်းဆောင်များ
1 အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်ရန် မျော်မန်းသူဟ မွန်မြတ်လဲ့အမှုအရာဟို လိုလားတောင့်တသူ ဖြစ်အယ်ဟူသော စကားဟ မန်အယ်။ 2 ၃.၂–၇ တိ ၁.၆–၉အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၃.၂ ပေါင်အိုမတယောက်သာ ဆိရမယ်၊ အဲဟာမဟုတ်ရင် တကြိမ်သာ လက်ထပ်မန့်။၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊ 3 သောက်ကြူးသောသူ မဖြစ်စေရ၊ အဲသူဟ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူ၊ ငြိမ်းချမ်းမှုဟို လိုလားသောသူ ဖြစ်ပင်း ပိတ်ဆန်ဟို တပ်မက်သောသူ မဖြစ်ရ။ 4 သူဟ မိမိရဲ့ အိုင်ထောင်ဟို ကောင်းစွာ အုပ်ထိန်းနိန်လျက် လူပဲ့သူငယ်များရဲ့ နာခံလေးစားမှုဟို ရဆိသူ ဖြစ်ရမယ်။ 5 မိမိအိုင်ထောင်ဟို စလို စီမံအုပ်ချုပ်ရမယ်ဟို မသိသောသူဖြစ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ဟို သူဟ စလို ပြုစုစောင့်ဆှောက်နိန်မလုန်း။ 6 သူဟ ယုံကြည်ခြင်းနှိုက် မရင့်ကျက်သောသူ မဖြစ်ရ၊ အားမဟုတ်ရင် ဘဝင်မြင့်လျက် မာရ်နတ်နဲ့တူညီသော ပစ်ဒဏ်စီရင်ခြင်းထဲဟို ကျရောက်မယ်ဟု စိုးရိမ်စရာ ဆိအယ်။ 7 အဲမျှမက ကဲ့ရဲ့ပစ်တင်ခြင်း ခံရလျက် မာရ်နတ်ရဲ့ ကျော့ကွင်းထဲဟို မကျရောက်စေရန် အသင်းတော်ပြင်ပဆိ လူလို့ရဲ့ ရိုသေလေးစားမှုဟို ခံရသူ ဖြစ်ရမယ်။