2 ၃.၂–၇ တိ ၁.၆–၉အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၃.၂ ပေါင်အိုမတယောက်သာ ဆိရမယ်၊ အဲဟာမဟုတ်ရင် တကြိမ်သာ လက်ထပ်မန့်။၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊ 3 သောက်ကြူးသောသူ မဖြစ်စေရ၊ အဲသူဟ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူ၊ ငြိမ်းချမ်းမှုဟို လိုလားသောသူ ဖြစ်ပင်း ပိတ်ဆန်ဟို တပ်မက်သောသူ မဖြစ်ရ။ 4 သူဟ မိမိရဲ့ အိုင်ထောင်ဟို ကောင်းစွာ အုပ်ထိန်းနိန်လျက် လူပဲ့သူငယ်များရဲ့ နာခံလေးစားမှုဟို ရဆိသူ ဖြစ်ရမယ်။
Publicidade