10 အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်၄.၁၀ ရုန်းကန်၊ အချို့ လက်ရေးမူကျမ်းများတွင် ကဲ့ရဲ့ရှုံ့ချကြအယ်၊ ဟု ပါဆိအယ်။ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။
Publicidade