9 ချမ်းသာလိုသောသူလို့ဟ စုံစမ်းသွေးဆောင်ရာထဲဟို လည်းကောင်း၊ ထောင်ချောက်ထဲဟို လည်းကောင်း၊ လူလို့ဟို ပျက်စီးခြင်းနဲ့ ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲယွေ့ အန္တရာယ်ဆိလဲ့ တပ်မက်ခြင်း အမျိုးမျိုးထဲဟို လည်းကောင်း ကျရောက်တတ်ကြအယ်။ 10 အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။