15 သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။ 16 ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။ 17 အေးနောက် အသက်ဆှင်လျက် ကျန်ရစ်သော ငါလို့ဟ အာကာသခေါန်းခင်နှိုက် သခင်ဘုရားနဲ့တွေ့ဆုံရန် အေးသူလို့နဲ့အတူ မိုးချေးသားအားဖြင့် ချီဆောင်ခြင်း ခံရကြလိမ့်မယ်။ ဟေလို့ဖြင့် ငါလို့ဟ သခင်ဘုရားနဲ့ အမြဲတမ်းနေရကြလိမ့်မယ်။ 18 အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။
Publicidade
Publicidade