Pular para o conteúdo
Publicidade

၂ ကောရိန္သု 12

7 ငါမျော်ရသော အံ့ဖွယ်သော ရူပါရုံများကျောန့် ငါ့ကိုယ်ဟို အထင်မကြီးစေရန် ငါဟ မိမိကိုယ်ခန္ဓာတွင် နာကျင်သော ဝေဒနာဟို ခံစားနေရအယ်။ အဲအရာဟ စာတန်ရဲ့ တမန်လို ငါ့ဟို ဒဏ်ခတ်ယွေ့ ငါ့ရဲ့ မာန်မာနဟို ချိုးနှိမ်အယ်။ 8 ဟေကိစ္စနဲ့ ပတ်သက်ယွေ့ ၎င်းဟို ငါ့ဆေမှ ဖယ်ဆှားပေးမဲ့အကျောန်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ တောင်းဆှောက်ခဲ့အယ်။ 9 အားပေမဲ့ ကိုယ်တော်ဟ "ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်" ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။ 10 အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.