8 ဟေကိစ္စနဲ့ ပတ်သက်ယွေ့ ၎င်းဟို ငါ့ဆေမှ ဖယ်ဆှားပေးမဲ့အကျောန်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ တောင်းဆှောက်ခဲ့အယ်။ 9 အားပေမဲ့ ကိုယ်တော်ဟ "ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်" ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။
Publicidade
Publicidade