10 နင်လို့ဟ တစုံတဦးဟို သူလို့ပြုခဲ့လဲ့အရာအတွက် နင်လို့ ခွင့်လွှတ်လဲ့အခါ၊ ငါလည်း သူလို့ဟို ခွင့်လွှတ်အယ်။ အကျောန်းမှာ ငါဟ အမန်စင်စစ် တစုံတခုဟို ဖြေလွှတ်ရန်လိုရင် နင်လို့ အကျိုးဟို ထောက်ယွေ့ ခရစ်တော်ရဲ့ ဆေ့နှိုက် အဲသူရဲ့ အပစ်ဟို ဖြေလွှတ်အယ်။ 11 အဲမှသာ စာတန်ဟ ငါလို့ဟို အနိန်မရစေရန် တားဆီးနိန်မယ်။ အကျောန်းမှာ သူရဲ့ အကြံအစည်များဟ စလိုဖြစ်တာဟို ငါလို့ သိကြအယ်။
Publicidade