ပစ်မားသူဟို ခွင့်လွှတ်ခြင်း
5 တစုံတယောက်သောသူဟ လူတဦးအား ဝမ်းနည်းစေခဲ့ရင်၊ အဲသူဟ ငါ့ဟို သာမက နင်လို့အားလုံး မဟုတ်ရင်တောင် အချို့တဝက်ဟိုလည်း ဝမ်းနည်းစေအယ်။ 6 နင်လို့ အများစုရဲ့ အပစ်ဒဏ်ပေးခြင်းဟို ခံရရင် အဲသူအတွက် လုံလောက်သော အပစ်ဒဏ် ဖြစ်အယ်။ 7 အခုမှာ နင်လို့ဟ သည်းမခံနိန်လောက်အောန် ဝမ်းနည်းခြင်း ဖြစ်စေမဲ့အစား သူ့ဟို ခွင့်လွှတ်ပင်း နှစ်သိမ့်ပေးသင့်အယ်။ 8 အဲလိုမို့ နင်ဟ သူ့ဟို အမန်တကယ် ချစ်ကျောန်းဟို သူသိဆိ နားလည်အောန် ပြုကြရန် နင်လို့အား ငါ တောင်းပန်အယ်။