11 ငါလို့ဟ ပစာကျောန့် သခင်ဘုရားအား ကြောက်ရွံ့ရကျောန်းဟို သိသဖြင့်၊ လူလို့အား စည်းရုံးသိမ်းသွင်းအယ်။ ငါလို့ရဲ့အကျောန်းဟို ဘုရားသခင်ဟ အကြွင်းမဲ့ သိအယ်၊ နင်လို့ဟလည်း ဩတ္တပ္ပစိတ်ထဲဟ ငါ့အကျောန်းဟို သိကြလိမ့်မယ်ဟု ငါ မျော်လင့်အယ်။ 12 ငါလို့ဟ တဖန် မိမိလို့တတ်တိုင်း နင်လို့ဆေ့နှိုက် ချီးကျူးနေကြတာ မဟုတ်၊ အားပေမဲ့ စိတ်နေလုံးနှိုက် ဆိသောအရာထက် အပြင်သဏ္ဌာန်ဟိုသာ ကျေ့ယွေ့ ဝါကြွားတတ်သော သူလို့ရဲ့ စကားဟို နင်လို့ ပြန်လည်ချေပနိန်ရန် ငါလို့နဲ့ ပတ်သက်ယွေ့ ဝါကြွားရသောအခွင့်ဟို နင်လို့အား ပေးခြင်းသာ ဖြစ်အယ်။ 13 ငါလို့ဟ ရူးသွပ်လေပီလော၊ ရူးသွပ်ရင် ဘုရားသခင်အဖို့ ဖြစ်အယ်။ အဲဟာမဟုတ်ရင် မရူးသွပ်ရင် နင်လို့အဖို့ ဖြစ်အယ်။ 14 တယောက်သောသူဟ လူအပေါင်းလို့အတွက် အသေခံသဖြင့် လူအပေါင်းလို့ဟ အဲသူနဲ့အတူ အသေခံကြကျောန်းဟို ငါလို့ အခုသိကြပီ ဖြစ်ယွေ့ ငါလို့ဟို ခရစ်တော်ရဲ့ မေတ္တာဟ လွှမ်းမိုးလျက် ဆိအယ်။ 15 ကိုယ်တော်ဟ လူအပေါင်းလို့အတွက် အသေခံခြင်းမှာ လူလို့ဟ အသက်ဆှင်စဉ် ကိုယ်ကျိုးအတွက် ဆက်လက်ယွေ့ အသက်မဆှင်ကြတော့ဘဲ မိမိလို့အတွက် အသေခံပင်း သေခြင်းမှ ဆှင်ပြန်ထမြောက်သော သခင်အတွက် အသက်ဆှင်ကြစေရန် ဖြစ်အယ်။
16 အဲကျောန့် ငါလို့ဟ စသူ့ဟိုမျှ လူ့စံနှုန်းများဖြင့် တရားမစီရင်တော့ပါ။ တချိန်ဟ ငါလို့ဟ ခရစ်တော်ဟို လူ့စံနှုန်းများနဲ့အညီ တရားစီရင်ခဲ့သော်လည်း အခုခါနှိုက် အဲသို့ မပြုတော့ပါ။ 17 အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။ 18 ဟေအရာအားလုံးဟို ဘုရားသခင် ပြုအယ်၊ ဘုရားသခင်ဟ ငါလို့အား မိမိရဲ့ ရန်သူများအဖြစ်မှ မိတ်ဆွေများအဖြစ်ဟို ခရစ်တော်အားဖြင့် ပြောင်းလဲစေပင်း အခြားသောသူလို့ဟိုလည်း မိမိရဲ့ မိတ်ဆွေများ ဖြစ်လာစေရန် ဆောင်ရွက်လဲ့အလုပ်ဟို ငါလို့အား ပေးလေအယ်။ 19 ငါလို့ရဲ့ သတင်းစကားမှာ ဘုရားသခင်ဟ ခရစ်တော်အားဖြင့် လူသားအားလုံးဟို သူရဲ့ မိတ်ဆွေ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ လူသားလို့ရဲ့ အပစ်များဟို မှတ်မထားဘဲ၊ လူသားလို့အား မိတ်ဆွေဖွဲ့ပုံအကျောန်းဟို ပြောပြလဲ့ သတင်းစကားဟို ငါလို့အား ပေးသနားအယ်။
20 အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် "ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော" ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။ 21 ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။