Pular para o conteúdo
Publicidade

၂ ကောရိန္သု 9

6 မျိုးစေ့ကတစ်ဟို ကြဲသောသူဟ ကတစ်ဟိုသာ ရိတ်သိမ်းရလိမ့်မယ်၊ ရမ်းဆာ့သော မျိုးစေ့လို့ဟို ကြဲသောသူဟ ရမ်းဆာ့ ရိတ်သိမ်းရလိမ့်မယ် ဖြစ်ကျောန်း သတိပြုလော့။ 7 လူတိုင်းဟ ကိုယ်အလိုအလျောက် လှူရအယ်၊ နှမြောသောစိတ်နဲ့ အလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နဲ့ မလှူရ၊ အကျောန်းမှာ စေတနာစိတ်နဲ့ လှူသောသူဟိုသာ ဘုရားသခင် နှစ်သက်အယ်။ 8 နင်လို့ဟ အရာရာနှိုက် အစဉ်အမြဲ ကျေနပ်တင်းတိမ်မှု အပြေ့ဝဆိယွေ့ ကောင်းသောအမှုဆိသမျှလို့နဲ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ဘုရားသခင်ဟ အလုံးစုံသော ကျေးဇူးတော်ဟို နင်လို့အပေါ် ကြွယ်ဝစွာ ချပေးရန် တတ်နိန်အယ်။ 9 ကျမ်းစာတွင်၊

"သူဟ ဆင်းရဲသောသူလို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲအယ်၊

သူရဲ့ ဖြောင့်မတ်ခြင်းဟ အစဉ်အမြဲ တည်အယ်" ဟု ပြောထားအယ်။

10 မျိုးစေ့ကြဲသောသူအား မျိုးစေ့ဟို ပေးယွေ့ အစာအတွက် မုန့်ဟို ပေးသော သခင်ဟ နင်လို့ရဲ့ မျိုးစေ့ဟိုလည်း ပြင်ဆင်ပေးယွေ့ ပွားများစေကာ နင်လို့ရဲ့ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်လို့ဟို တိုးပွားစေလိမ့်မယ်။ 11 အဲအခါ နင်လို့ဟ ရက်ရောစွာ ပေးကမ်းခြင်း အလုံးစုံလို့အတွက် အရာရာနှိုက် ကြွယ်ဝပြေ့စုံသဖြင့် အဲအမှုအရာဟ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းစရာ ဖြစ်စေအယ်။ 12 နင်လို့ဟ ဟေလုပ်ကျွေးခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူလို့အား ချို့တဲ့နေစဉ် ကူညီထောက်ပံ့တာ သာမက၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းသံဟိုလည်း တခဲနက် ထွက်ပေါ်လာစေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.