20 ကျမ်းစာနှိုက်ပါသော ပရောဖက်လို့ရဲ့ ဟောပြောချက် အားလုံးဟ လူတဦးတယောက်ရဲ့ ကိုယ်ပိုင် အနက်ဖွင့်ဆိုချက် မဟုတ်ကျောန်း ဦးစွာသိမှတ်ရမယ်။ 21 အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။
Publicidade
Publicidade