3 ၃.၃ ယု ၁၈ပထမဦးစွာ နင်လို့ သိထားရမယ့်အချက်မှာ ပြက်ရယ်ပြုတတ်သော သူလို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ပြုရယ်ပြုလျက်ပေါ်လာယွေ့ မိမိလို့ရဲ့ တပ်မက်ခြင်းများအတိုင်း ဆှောက်လမ်းကာ၊ 4 "ကိုယ်တော်ရဲ့ ကြွလာခြင်းနဲ့ဆိုင်သော ကတိတော်ဟ ပစာမာဆိလုန်း။ ဆေ့ဖိုးဖေးများ အိပ်မွေခဲ့လဲ့ အချိန်မှ စယွေ့ ခပ်သိမ်းသော အရာလို့ဟ ဖန်ဆင်းခြင်းရဲ့ အစကအတိုင်း ဆက်ယွေ့တည်နေတာ မဟုတ်လော့" ဟု ပြောဆိုလိမ့်မယ်။ 5 အကျောန်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် ခေါန်းခင်ဟ ဆေ့မခင်ကပင် တည်ဆိယွေ့ မြေကြီးဟလည်း ယေအားဖြင့် ယေထဲမှ ထင်ဆှားပင်း 6 အေးအချိန်ဟ ကမ္ဘာသည် ယေလွှမ်းမိုးခြင်း ခံရလျက် ယေအားဖြင့် ပျက်စီးခြင်းသို့ ရောက်ခဲ့တာဟူသော အချက်ဟို သူလို့ဟ တမင် မေ့လျော့ထား လိုကြအယ်။ 7 အခုဆိသော ခေါန်းခင်နဲ့ မြေကြီးမူကား အေးနှုတ်ကပတ်တော်အားဖြင့် မီးအတွက် သိုမှီးထားခြင်း ခံရယွေ့ ဘုရားတရားမဲ့သော သူလို့ရဲ့ ပျက်စီးခြင်းနဲ့ တရားစီရင်ခြင်း နေ့ရက်တိုင်အောန် ထိန်းသိမ်းထားခြင်း ခံရလျက် ဆိအယ်။