Pular para o conteúdo
Publicidade

၂ ပေတရု 3

8 အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။ 9 နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။

10 ၃.၁၀ မ ၂၄.၄၃; လု ၁၂.၃၉; ၁ သက် ၅.၂; ဗျာ ၁၆.၁၅ အဲလိုလဲ သခင်ဘုရားရဲ့ နေ့ရက်ဟ သူခိုးလာသလိုမျိုး ရောက်လာလိမ့်မယ်။ အဲနေ့ရက်နှိုက် ခေါန်းခင်ဟ ကျယ်လောင်သော အသံဖြင့် ကွယ်ပျောက်သွားယွေ့ လောကဓာတ်လို့ဟ ပြင်းထန်သော အပူရှိန်ဖြင့် ပျက်သုဉ်း၃.၁၀ တချို့ လက်ရေးမူကျမ်းများတွင်ပျက်သုဉ်း၊ ဟု တွေ့ရအယ်၊ တခြားတွင် လောင်ကျွမ်းအယ်၊ တခုတွင် ပျက်စီးအယ်၊ ဟု တွေ့ရအယ်။သွားလိမ့်မယ်။ မြေကြီးမှစယွေ့ ၎င်းပေါ်နှိုက် ပြုလုပ်သော အရာလို့ဟလည်း လောင်ကျွမ်းလိမ့်မယ်။ 11 အေးအရာအားလုံးလို့ဟ အေးလို့ ပျက်သုဉ်းသွားမယ် ဖြစ်သောကျောန့် နင်လို့ဟ စလိုသောသူများ ဖြစ်သင့်လုန်း။ နင်လို့ဟ သန့်ဆှင်းစွာ အသက်ဆှင်နေထိန်လျက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအားဖြင့်၊ 12 သခင်ဘုရားရဲ့ နေ့ရက်ဟို စောင့်မျှော်ယွေ့ အေးနေ့ရက်ရဲ့ ရောက်ဆိလာခြင်းဟို လျင်မြန်စေသင့်အယ်။ အေးနေ့နှိုက် ခေါန်းခင်ဟ လောင်မြိုက်ခြင်းဟို ခံရလျက် ပျက်သုဉ်းသွားလိမ့်မယ်။ လောကဓာတ်လို့ဟလည်း ပြင်းထန်သော အရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မယ်။ 13 ၃.၁၃ ဗျာ ၂၁.၁အဲလိုလဲ ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို စောင့်မျှော်နေကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

2 Pedro
Ver todos os capítulos de 2 Pedro