ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ခွန်အားပေးခြင်း
3 ငါဟ နေ့ညမပြတ် ဆုတောင်းရာတွင် နင့်အား အစဉ်ပင် အောက်မေ့သတိရလျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်၊ ငါ့ရဲ့ ဘိုးဘေးများတိုင်းတိုင်း ကိုယ်တော်ရဲ့ အစေဟို စင်ကြယ်သော အသိစိတ်နဲ့ ဆောင်ရွက်သူ ဖြစ်အယ်။ 4 ငါဟ နင်ရဲ့ မျက်ရည်များဟို အောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝမဲ့အကျောန်း နင်နဲ့ တွေ့နိန်ရန် တောင့်တနေအယ်။ 5 ၁.၅ တ ၁၆.၁နင်နှိုက်ဆိလဲ့ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းဟိုလည်း ငါ သတိရအယ်၊ အဲယုံကြည်ခြင်းဟ နင်ရဲ့ မို့အို လောဣနဲ့ နင်ရဲ့ အမေ့ ဥနိတ်လို့နှိုက် ဦးရင် တည်ဆိယွေ့ အခု နင်နှိုက်လည်း တည်ဆိတာဟု ငါ ယုံကြည်စိတ်ချအယ်။