16 ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်လပ်သောသူ၊ အကြီးအငယ်ဆိသမျှလို့ဟ လက်ယာလက်နှိုက် ဖြစ်စေ၊ နဖူးနှိုက် ဖြစ်စေ၊ တံဆိပ်လက်မှတ်ဟို ခံစေခြင်းငှာ လည်းကောင်း၊ 17 အဲတံဆိပ်လက်မှတ် တည်းဟူသော သားရဲရဲ့ နာမ ဖြစ်စေ၊ နာမရဲ့ အရေအတွက် ဖြစ်စေ၊ တခုခုဟို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှာ လည်းကောင်း စီရင်အယ်။
18 ဟေအရာနှိုက် ပညာဆိရန် လိုအပ်အယ်။ ဉာဏ်ပညာ ဆိသောသူဟ သားရဲရဲ့ ကိန်းဂဏန်းဟို တွက်ချက်မန့်။ အကျောန်းမှာ အေးဟ လူတဦးရဲ့ ကိန်းဂဏန်း ဖြစ်ပင်း အဲအရာမှာ ၆၆၆ ဖြစ်အယ်။