2 ငါမျော်သော အဲသားရဲဟ ကျားသစ်နဲ့ တူအယ်။ သူရဲ့ ခြေဟ ဝက်ဝံခြေလိုမျိုး ဖြစ်ပင်း သူရဲ့ စလောင်ဟ ခြင်္သေ့စလောင်လိုမျိုး ဖြစ်အယ်။ နဂါးဟ မိမိရဲ့ တန်ခိုး၊ မိမိရဲ့ ပလ္လင်နဲ့ ကြီးမားသော အခွင့်အာဏာဟို သူ့အား ပေးအပ်အယ်။
6 သူဟ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ နာမဟို လည်းကောင်း၊ ကိုယ်တော် တဲတော်ဟို လည်းကောင်း၊ ခေါန်းခင်နှိုက် စံစားသောသူလို့ဟို လည်းကောင်း၊ ပစ်မားပြောဆိုရန် မိမိရဲ့ စလောင်ဟို ဖွင့်လေအယ်။ 7 သူဟ သန့်ဆှင်းသူလို့ဟို စစ်တိုက်ယွေ့ အောန်နိန်သောအခွင့်ဟို ရဆိပင်း လူမျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့အား အုပ်စိုးရသော အခွင့်ဟိုလည်း ရဆိအယ်။