1 အဲပင်းရင် ခေါန်းခင်ဆိ ရမ်းဆာ့သော လူအုပ်လို့ရဲ့ ကျယ်လောင်လဲ့ အသံလိုမျိုး အသံဟို ငါ ကြားရအယ်။ သူလို့ဟ "ဟာလေလုယာ၊ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့ဟ ငါလို့ ဘုရားသခင်နဲ့ ဆိုင်အယ်။ 2 အကျောန်းမှာ ကိုယ်တော်ရဲ့ တရားစီရင်ချက်လို့ဟ မန်ကန်ယွေ့ ဖြောင့်မတ်အယ်။ မတရားသော မေထုန်ပြုခြင်းအားဖြင့် မြေကြီးအား ပျက်စီးစေလဲ့ ပြေ့တန်ဆာမကြီးဟို ကိုယ်တော်ဟ စီရင်လျက် သူရဲ့ လက်နှိုက် စွန်းထင်းသော ကိုယ်တော်ရဲ့ အစေခံလို့ရဲ့ အသွေးအတွက် လက်တုံ့ပြန်ပီ" ဟု ဆိုကြအယ်။ 3 အဲပင်းရင် တဖန် သူလို့ဟ "ဟာလေလုယာ၊ သူရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်သွားလျက် ဆိအယ်" ဟု ဆိုကြအယ်။
Publicidade
Publicidade