မြင်းဖြူစီးသောသူ
11 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်ဟ ပွင့်လျက် နေယွေ့ မြင်းဖြူတကောင် ဆိအယ်။ အေးအပေါ်တွင် ထိန်နေသောသူဟ သစ္စာဆိသောသူ၊ မန်ကန်သောသူဟု ခေါ်ခြင်းဟို ခံရအယ်။ သူဟ ဖြောင့်မန်စွာ တရားစီရင်ယွေ့ စစ်တိုက်လေအယ်။ 12 သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ပင်း သူရဲ့ ဦးခေါင်းပေါ်နှိုက် သရဖူများဟို ဆောင်းထားအယ်။ သူနှိုက် ရေးထားသော နာမတခု ဆိယွေ့ အေးဟာဟို သူတတ်တိုင်းမှ တပါး စသူမျှ မသိ။ 13 သူဟ အသွေးနှိုက် နှစ်ထားသော ဝတ်လုံဟို ဝတ်ထားလျက် သူရဲ့ နာမယ်ဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟု ခေါ်အယ်။ 14 ခေါန်းခင်ဗိုလ်ခြေလို့ဟ စင်ကြယ်သော ပိတ်ချောဖြူဟို ဝတ်လျက် မြင်းဖြူဟို စီးကာ သူရဲ့ နောက်ဟို လိုက်ကြအယ်။ 15 ၁၉.၁၅ ဗျာ ၁၄.၂၀လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။ 16 ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် "ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်" ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။
17 အဲပင်းရင် နေထဲတွင် ခေါန်းခင်တမန် တပါး ရပ်လျက် နေတာဟို ငါ မျော်ရအယ်။ သူဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေသော ငက်အပေါင်းလို့အား "လာကြ၊ ဘုရားသခင်ရဲ့ စားပွဲတော်ကြီးဟို စုဝေးကြလော့။ 18 နင်လို့ဟ ဆှင်ဘုရင်လို့ရဲ့ အသား၊ တပ်မှူးကြီးလို့ရဲ့ အသား၊ လွတ်လပ်သောသူနဲ့ ကျွန်များမှ စယွေ့ လူကြီးလူငယ် ဆိသမျှလို့ရဲ့ အသားဟို လာယွေ့ စားကြလော့" ဟု အသံအကျယ်ရီးဖြင့် ကြွေးကြော်လေအယ်။
19 အဲအခါ သားရဲမှ စယွေ့ မြေကြီးရဲ့ ဆှင်ဘုရင်များနဲ့ ၎င်းလို့ရဲ့ ဗိုလ်ခြေများဟ မြင်းစီးသောသူနဲ့ သူရဲ့ ဗိုလ်ခြေဟို စစ်တိုက်ရန် စုဝေးကြတာဟို ငါ မျော်ရအယ်။ 20 ၁၉.၂၀ ဗျာ ၁၃.၁–၁၈အဲလိုလဲ သားရဲဟ မိစ္ဆာပရောဖက်နဲ့ အတူ အဖမ်းခံရအယ်။ အဲမိစ္ဆာပရောဖက်ဟ သားရဲရဲ့ ဆေ့မှောက်နှိုက် နိမိတ်လက္ခဏာများဟို ပြုလျက် အဲနိမိတ်လက္ခဏာများအားဖြင့် သားရဲရဲ့ တံဆိပ်ဟို ခံယူယွေ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူလို့အား လှည့်စားသောသူ ဖြစ်အယ်။ အဲသူနေဦးစလုံးလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲဟို အဆှင်လတ်လတ် လောချခြင်း ခံရကြအယ်။ 21 ကြွင်းသောသူလို့ဟ မြင်းစီးသောသူရဲ့ စလောင်တွင်းထဲဟ ထွက်သော သန်လျက်နဲ့ ကွပ်မျက်ခြင်းဟို ခံရကြအယ်။ သူလို့ရဲ့ အသားဟို ငက်အပေါင်းလို့ဟ ဝစွာ စားရကြအယ်။