14 အဲလိုလဲ နင်လို့အထဲတွင် ဗာလမ်ရဲ့ အယူဝါဒဟို လိုက်ဆှောက်သူများ ဆိနေသဖြင့် နင့်အား အပစ်ဆိုစရာ ကတစ်ဆိအယ်။ ဣသရေလအမျိုးသားလို့ဟ ရုပ်တုပူဇော်စရာ အစားအစာများဟို စားကြစေရန် လည်းကောင်း၊ မတရားသောမေထုန်ဟို ပြုကြရန် လည်းကောင်း၊ သူလို့ဆေ့နှိုက် မားယွင်းစေသောအရာဟို ချထားမဲ့အကျောန်း ဗာလမ်ဟ ဗာလက်မင်းအား သင်ပေးအယ်။ 15 အဲတိုင်းတိုင်း နင်လို့အထဲတွင်လည်း နိကောလလို့ရဲ့ သင်ကြားခြင်းဟို စွဲလမ်းသောသူလို့လည်း ဆိကြအယ်။ 16 အဲကျောန့် နောင်တရကြလော့။ မရရင် နင်ဆိရာဟို ငါဟ အလျင်အမြန် လာမယ်။ ငါ့ခံတွင်းမှ သန်လျက်ဖြင့် သူလို့ဟို တိုက်ခိုက်မယ်။
Publicidade