Publicidade

Apocalipse 21

1 အဲပင်းရင် ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ငါ မျော်ရအယ်။ အကျောန်းမှာ ပထမ ခေါန်းခင်နဲ့ ပထမ မြေကြီးဟ ပျောက်ကွယ်သွားယွေ့ ပင်လယ်ဟလည်း မဆိ။ 2 တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။ 3 အဲပင်းရင် ပလ္လင်တော်မှ အသံအကျယ်ရီးဖြင့် "ကျေ့လော့၊ ဘုရားသခင်ရဲ့ တဲတော်ဟ လူလို့တွင် ဆိယွေ့ ကိုယ်တော်ဟ သူလို့နဲ့အတူ ကျိန်းဝပ်လိမ့်မယ်။ သူလို့ဟလည်း ကိုယ်တော်ရဲ့ လူမျိုးတော် ဖြစ်ကြပင်း ဘုရားသခင်တတ်တိုင်း သူလို့နဲ့အတူ ဆိယွေ့ သူလို့ရဲ့ ဘုရားသခင် ဖြစ်ကြလိမ့်မယ်။ 4 ကိုယ်တော်ဟ သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်။ သေခြင်းဟ ဆိတော့မှာ မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ် ငိုကခြင်းနဲ့ နာကျင်ခြင်း ဝေဒနာလို့ဟလည်း ဆိတော့မှာ မဟုတ်၊ အကျောန်းမှာ မခင် ဖြစ်ခဲ့လဲ့အရာလို့ဟ ပျောက်ကွယ်သွားကြပီ" ဟု ဆိုတာဟို ငါ ကြားရအယ်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-20_17-16-08-