10 ခေါန်းခင်တမန်ဟ ကြီးမားယွေ့ မြင့်လသော တောင်ပေါ်ဟို ဝိညာဉ်တော်အားဖြင့် ငါ့ဟို ခေါ်ဆောင်သွားကာ ဘုရားသခင်ဆေ ခေါန်းခင်ထက်မှ ဆင်းသက်လာလဲ့ သန့်ဆှင်းသော ယေရုရှလင်မြို့ဟို ငါ့အား ပြလေအယ်။ 11 အဲမြို့ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ ပြေ့စုံယွေ့ အေးအရောင်ဟ ကျောက်မျက်ရတနာနဲ့ တူပင်း ကျောက်သလင်းသဖွယ် ကြည်လင်သော နဂါးသွဲ့ကျောက်လိုမျိုး ဖြစ်အယ်။ 12 အဲမြို့တွင် ကြီးမားယွေ့ မြင့်လသော မြို့ရိုး ဆိလျက် ထင်ခါး တဆယ့်နေပေါက် ဆိအယ်။ ထင်ခါးများတွင် ခေါန်းခင်တမန် တဆယ့်နေပါး ဆိယွေ့ အဲထင်ခါးများပေါ်နှိုက် ဣသရေလအမျိုး တဆယ့်နေမျိုးလို့ရဲ့ အမယ်နာမများဟို ရေးထိုးထားအယ်။ 13 အဆေ့ဘက်တွင် ထင်ခါး သုံးပေါက်၊ မြောက်ဘက်တွင် ထင်ခါး သုံးပေါက်၊ တောင်ဘက်တွင် ထင်ခါး သုံးပေါက်၊ အနောက်ဘက်တွင် ထင်ခါး သုံးပေါက် ဆိအယ်။ 14 မြို့ရိုးတွင် အုတ်မြစ် တဆယ့်နေခု ဆိယွေ့ အေးအပေါ်နှိုက် သိုးသငယ်ရဲ့ တမန်တော် တဆယ့်နေပါးလို့ရဲ့ နာမယ် တဆယ့်နေခုဟို ရေးထားအယ်။
Publicidade