3 ကျိန်ဆဲခြင်း ခံရသောအရာ တစုံတခုမျှ ဆိတော့မှာ မဟုတ်။
ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်ဟ အဲမြို့တွင် ဆိယွေ့ ကိုယ်တော်ရဲ့ အစေခံလို့ဟ ကိုယ်တော်ဟို ကိုးကွယ်ကြလိမ့်မယ်။ 4 သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာဟို မျော်ရကြလိမ့်မယ်။ ကိုယ်တော်ရဲ့ နာမဟလည်း သူလို့ရဲ့ နဖူးပေါ်နှိုက် ဆိလိမ့်မယ်။