8 ငါ ယောဟန်ဟ ဟေအကျောန်းအရာများဟို မျော်ရ ကြားရသောသူ ဖြစ်အယ်။ ငါဟ မျော်ရကြားရသောအခါ ၎င်းလို့ဟို ငါ့အား ပြသသော ခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လိုက်အယ်။ 9 သူဟ "အဲလိုမပြုနဲ့၊ ငါဟ နင်မှစယွေ့ နင့်ညီအကိုလို့ ဖြစ်ကြလဲ့ ပရောဖက်များနဲ့ ဟေစာစောင်နှိုက် ပါသော စကားလို့ဟို လိုက်နာစောင့်ထိန်းသော သူများရဲ့ အစေခံသာ ဖြစ်အယ်။ ဘုရားသခင်ဟိုသာ ကိုးကွယ်လော့" ဟု ဆိုအယ်။