သာဒိ အသင်းတော်ဟို သတင်းစကား
1 "သာဒိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။
"ဘုရားသခင်ရဲ့ ဝိညာဉ်ခုနေပါးနဲ့ ကြယ်ခုနေလုံးဆိသော သူဟ ဟေလို မိန့်အယ်။ နင်ရဲ့ လုပ်ဆောင်မှုများဟို ငါသိအယ်။ နင်ဟ အသက်ဆှင်နေတာဟု နာမယ် ခံထားသော်လည်း သေသောသူ ဖြစ်အယ်။ 2 သတိနဲ့ စောင့်နေလော့။ သေလုနီးပါးဖြစ်နေလဲ့ ကျန်ဆိသောသူလို့ဟို ခိုင်ခံ့မြဲမြံစေလော့။ အကျောန်းမှာ နင်ရဲ့ လုပ်ဆောင်မှုများဟ ငါရဲ့ ဘုရားသခင် ဆေ့နှိုက် ပြေ့စုံတာဟူယွေ့ ငါ မတွေ့ရပေ။