16 အဲလိုလဲ နင်ဟ မပူ မအေး နွေးရုံသာ ဆိသောကျောန့် နင့်အား ငါရဲ့ ခံတွင်းမှ ထွေးထုတ်မယ်။ 17 နင်ဟ ‘ငါသည် ချမ်းသာယွေ့ ကြွယ်ဝသောကျောန့် စလိုအပ်ချက်မျှ မဆိ’ ဟု ဆိုနေအယ်။ အဲလိုလဲ နင်ဟ ရမ်းဆာ့ စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စေ့မျော်သောသူနဲ့ အဝတ်မပါ အချည်းစဲ ဖြစ်သောသူဖြစ်ကျောန်းဟို နင် မသိ။
Publicidade