8 အဲသတ္တဝါလေးပါး အသီးသီးလို့တွင် တောင်ပံခြောက်ခုစီ ဆိယွေ့ ပတ်ပတ်လည်နဲ့ အတွင်းဘက်နှိုက် မျက်စေ့များဖြင့် ပြေ့လျက် ဆိကြအယ်။ သူလို့ဟ နေ့ရောညပါ ရပ်နားခြင်း မဆိဘဲ၊
"အခုဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့
အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်ဟ
သန့်ဆှင်းအယ်၊ သန့်ဆှင်းအယ်၊ သန့်ဆှင်းအယ်" ဟု ကြွေးကြော်နေကြအယ်။