3 အဲပင်းရင် သိုးသငယ်ဟ ဒုတိယ တံဆိပ်ဟို ဖွင့်သောအခါ ဒုတိယ သတ္တဝါဟ "လာလော့" ဟု ဆိုတာဟို ငါကြားရအယ်။ 4 အဲအခါ နီရဲသော အခြား မြင်းတကောင် ထွက်လာအယ်။ အဲမြင်းပေါ်တွင် စီးသောသူဟ လူလို့အား အချင်းချင်း သတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုဟို ရုပ်သိမ်းရသော အခွင့်ဟို ရဆိအယ်။ ထားကြီးတလက်ဟိုလည်း သူ့အား ပေးလေအယ်။
Publicidade