5 သိုးသငယ်ဟ တတိယ တံဆိပ်ဟို ဖွင့်သောအခါ တတိယသတ္တဝါဟ "လာလော့" ဟု ဆိုတာဟို ငါကြားရအယ်။ အဲအခါ ငါကျေ့လိုက်ရာ မြင်းနက်တကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူဟ မိမိလက်နှိုက် ချိန်ခွင်ဟို ကိုင်ထားအယ်။ 6 အဲပင်းရင် သတ္တဝါလေးပါးလို့ အလယ်မှ ထွက်ပေါ်လာသော စကားသံနဲ့တူလဲ့ အသံဟ "ဂျုံဆန်တမုတ်ဟို ဒေနာရိတပြား၊ မုယောဆန် သုံးမုတ်ဟိုလည်း ဒေနာရိတပြား ဖြစ်အယ်။ အဲလိုလဲ ဆီနဲ့ စပျစ်ဝိုင်ဟို မပျက်စေနဲ့" ဟု ဆိုတာဟို ငါ ကြားရအယ်။
Publicidade