Pular para o conteúdo
Publicidade

ဗျာဒိတ် 7

ဣသရေလ လူမျိုး ၁၄၄,၀၀၀

1 အဲပင်းရင် ခေါန်းခင်တမန်လေးပါးဟ မြေကြီးရဲ့ ထောင့်လေးထောင့်တွင် ရပ်လျက် မြေကြီးပေါ်ဟို လည်းကောင်း၊ ပင်လယ်ပေါ်ဟို လည်းကောင်း၊ သစ်ပင်ဆိသမျှအပေါ်ဟို လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာရဲ့ လေလို့အား ထိန်းချုပ်ထားတာဟို ငါမျော်ရအယ်။ 2 အဲပင်းရင် အခြားသော ခေါန်းခင်တမန်တပါးဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ တံဆိပ်ဟို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှ တက်လာတာဟို ငါမျော်ရအယ်။ အဲခေါန်းခင်တမန်ဟ မြေကြီးနဲ့ ပင်လယ်လို့ဟို ဘေးသင့်စေနိန်သော အခွင့်ရဆိထားလဲ့ ခေါန်းခင်တမန်လေးပါးလို့အား 3 "ငါလို့ ဘုရားသခင်ရဲ့ အစေခံလို့ရဲ့ နဖူးပေါ်တွင် တံဆိပ်မခတ်မီတိုင်အောန် မြေကြီး၊ ပင်လယ်နဲ့ သစ်ပင်လို့ဟို ဘေးမသင့်စေနဲ့" ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်အယ်။ 4 အဲပင်းရင် တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူလို့ရဲ့ အရေအတွက်ဟို ငါကြားရအယ်။ ဣသရေလအမျိုးသားလို့ရဲ့ မျိုးနွယ်စုအားလုံးထဲမှ ၁၄၄,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရကြအယ်။

5 ယုဒအမျိုးထဲမှ ၁၂,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရယွေ့၊

ရုဗင်အမျိုးထဲမှ ၁၂,၀၀၀၊

ဂဒ်အမျိုးထဲမှ ၁၂,၀၀၀၊

6 အာရှာအမျိုးထဲမှ ၁၂,၀၀၀၊

နဿလိအမျိုးထဲမှ ၁၂,၀၀၀၊

မနာရှေအမျိုးထဲမှ ၁၂,၀၀၀၊

7 ရှိမောင်အမျိုးထဲမှ ၁၂,၀၀၀၊

လေဝိအမျိုးထဲမှ ၁၂,၀၀၀၊

ဣသခါအမျိုးထဲမှ ၁၂,၀၀၀၊

8 ဇာဗုလုန်အမျိုးထဲမှ ၁၂,၀၀၀၊

ဗင်္ယာမိန်အမျိုးထဲမှ ၁၂,၀၀၀ လို့ဟ တံဆိပ်ခတ်နှိပ်ခြင်း ခံရကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.