Pular para o conteúdo
Publicidade

ကောလောသဲ 1

11,12 နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။ 13 ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊ 14 ၁.၁၄ ဧ ၁.၇ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။

ခရစ်တော်ရဲ့ လူသားဖြစ်ခြင်းနဲ့ အမှုတော်

15 ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။ 16 အကျောန်းမှာ ခေါန်းခင်ဘုံနှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း ဆိသမျှသော မျော်ရလဲ့အရာနဲ့ မမျော်ရလဲ့အရာများ၊ ရာဇပလ္လင်များ ဖြစ်စေ၊ အစိုးရခြင်း ဖြစ်စေ၊ အုပ်ချုပ်မှု ဖြစ်စေ၊ အာဏာစက် ဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်း ခံရအယ်။ ခပ်သိမ်းသောအရာလို့ဟ သားတော်အားဖြင့် လည်းကောင်း၊ သားတော်အတွက် လည်းကောင်း ဖန်ဆင်းခြင်း ခံရအယ်။ 17 ခရစ်တော်ဟ ခပ်သိမ်းသောအရာလို့ မတည်မဆိခင် ဖြစ်ယွေ့၊ ခပ်သိမ်းသောအရာလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအားဖြင့် စနစ်တကျတည်လျက် ဆိအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Colossenses
Ver todos os capítulos de Colossenses