ခရစ်တော်ရဲ့ လူသားဖြစ်ခြင်းနဲ့ အမှုတော်
15 ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။ 16 အကျောန်းမှာ ခေါန်းခင်ဘုံနှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း ဆိသမျှသော မျော်ရလဲ့အရာနဲ့ မမျော်ရလဲ့အရာများ၊ ရာဇပလ္လင်များ ဖြစ်စေ၊ အစိုးရခြင်း ဖြစ်စေ၊ အုပ်ချုပ်မှု ဖြစ်စေ၊ အာဏာစက် ဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်း ခံရအယ်။ ခပ်သိမ်းသောအရာလို့ဟ သားတော်အားဖြင့် လည်းကောင်း၊ သားတော်အတွက် လည်းကောင်း ဖန်ဆင်းခြင်း ခံရအယ်။ 17 ခရစ်တော်ဟ ခပ်သိမ်းသောအရာလို့ မတည်မဆိခင် ဖြစ်ယွေ့၊ ခပ်သိမ်းသောအရာလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအားဖြင့် စနစ်တကျတည်လျက် ဆိအယ်။ 18 ၁.၁၈ ဧ ၁.၂၂,၂၃ကိုယ်တော်ဟ အသင်းတော် တည်းဟူသော ကိုယ်ခန္ဓာရဲ့ ဦးခေါင်း ဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ကိုယ်ခန္ဓာ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်။ အဲသူဟ အရာခပ်သိမ်းလို့နှိုက် ပထမနေရာဟို ရနိန်စေရန်အတွက် သေခြင်းမှ ထမြောက်စေသော သားဦး ဖြစ်အယ်။ 19 အကျောန်းမှာ ဘုရားသခင်ရဲ့ အလိုတော်အရ သားတော်ဟ ဘုရားဇာတိဟို အပြေ့ဝ ခံယူအယ်။ 20 ၁.၂၀ ဧ ၂.၁၆ဘုရားသခင်ဟ သားတော်အားဖြင့် စကြာဝဠာတခုလုံးဟို မိမိဆေ ပြန်လာစေရန် ဆုံးဖြတ်ထားအယ်။ လက်ဝါးကပ်တိုင်ပေါ်နှိုက် သွန်းသော သားတော်ရဲ့ အသွေး၁.၂၀ သားတော်ရဲ့ အသွေး၊ အဲဟာမဟုတ်ရင် သားတော်ရဲ့ ယဇ်ပူဇော်ခြင်း အသေခံခြင်း။အားဖြင့် ရန်ဟို ငြိမ်းစေယွေ့ အဲတိုင်းတိုင်းဖြင့် မြေကြီးနဲ့ ခေါန်းခင်တွင် ဆိသမျှသောအရာလို့အား မိမိနဲ့ ပြန်လည်သင့်မြတ်စေရန် အလိုဆိအယ်။