18 မမန်ကန်သော နှိမ့်ချခြင်း၊ ခေါန်းခင်တမန်လို့အား ကိုးကွယ်ခြင်းလို့ဟို အလေးနက် ပြောဆိုယွေ့ မိမိလို့ မျော်လဲ့ရူပါရုံများဟို အကျောန်းပြုကာ မိမိလို့ဟ အခြားသူလို့ထက် သာတာဟု ပြောဆိုတတ်သူများဟ နင်လို့အား ရှုတ်ချခွင့်ဟို မပေးနဲ့။ သူလို့ဟ လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကျောန်းမဲ့ အလကားကား ထောင်လွှားလျက် ဆိကြအယ်၊ 19 ၂.၁၉ ဧ ၄.၁၆သူလို့ဟ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းတည်းဟူသော ခရစ်တော်ဟို မှီခိုအားကိုးမှု မဆိကြပေ။ ခရစ်တော်ရဲ့ ထိန်းချုပ်မှုအောက်တွင် အဆစ်များနဲ့ အရိုးချင်းဆက်ပေးလဲ့ အရွတ်များဖြင့် ကိုယ်ခန္ဓာ တခုလုံးဟို အားဖြည့်ကာ ဘုရားသခင်ရဲ့ အလိုတော်ဆိလဲ့အတိုင်း ကြီးပွားတတ်အယ်။