Pular para o conteúdo
Publicidade

ကောလောသဲ 3

14 ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။ 15 နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။ 16 ၃.၁၆,၁၇ ဧ ၅.၁၉,၂၀ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။ 17 နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Colossenses
Ver todos os capítulos de Colossenses