ခရစ်တော်ရဲ့ ကိုယ်ခန္ဓာနှိုက် စည်းလုံးမှုနဲ့ ရင့်ကျက်မှု
1 အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။ 2 ၄.၂ ကော ၃.၁၂,၁၃နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းဆိကြလော့။ တဦးနဲ့တဦး သည်းခံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ပြကြလော့။ 3 ငြိမ်သက်ခြင်းရဲ့ စုစည်းတုတ်ချေမှုအားဖြင့် ဝိညာဉ်တော်နှိုက် တလုံးတဝတည်းဖြစ်ခြင်းဟို ကြိုးစားအားထုတ်လော့။ 4 နင်လို့ဟို ခေါ်စဉ်တွင် မျော်လင့်ခြင်းသို့ ခေါ်ဆောင်ခြင်းခံရသလိုမျိုး ကိုယ်ခန္ဓာတပါးတည်းနဲ့ ဝိညာဉ်တော်တပါးတည်း ဆိအယ်။ 5 သခင်တပါးတည်း၊ ယုံကြည်ခြင်းတပါးတည်း၊ ဗတ္တိဇံတပါးတည်း၊ 6 အရာခပ်သိမ်းလို့အပေါ်နှိုက် လည်းကောင်း၊ အရာခပ်သိမ်းလို့နှိုက် ပျံ့နှံ့လျက် လည်းကောင်း၊ အရာခပ်သိမ်းလို့အထဲနှိုက် ဆိယွေ့၊ အရာခပ်သိမ်းလို့ရဲ့ အဖဖြစ်သော ဘုရားသခင်ဟ တပါးတည်းဆိအယ်။
7 အဲလိုလဲ ငါလို့တဦးတယောက်ဟ ခရစ်တော်ပေးသော ကောင်းချီးလက်ဆောင်ရဲ့ ပမာဏအတိုင်း ကျေးဇူးတော်ဟို ခံစားရကြအယ်။ 8 အေးကျောန်းကျောန့်၊
"သူဟ မြင့်သောအရပ်ဟို တက်သွားသောအခါ၊
သူဟ ရမ်းဆာ့သော သုံ့ပန်းများဟို ခေါ်သွားပင်း၊
သူ့လူတွေဟို လက်ဆောင်တွေ ပေးတယ်" ဟု ပြောအယ်။
9 "သူ တက်သွားသောအခါ" ဟု ဆိုလိုရာတွင် မြေကြီးအောက်အရပ်များဟိုလည်း ကြွဆင်း၄.၉ မြေကြီးအောက်အရပ်များဟိုလည်း ကြွဆင်း၊ အဲဟာမဟုတ်ရင် အောက်ခြေအတိမ်အနက်၊ မြေကြီးတတ်တိုင်း။ခဲ့ကျောန်းဟို ဆိုလိုရင်း မဟုတ်ရင် စလိုအရာ ဖြစ်အုံးမလဲ။ 10 ဆင်းသက်သောသူဟ စကြဝဠာတခုလုံးကို ပြေ့စုံစေခြင်းငှာ ခေါန်းခင်တခွင်လုံးထက် မြင့်သောအရပ်ဟို တက်သောသူလည်း ဖြစ်အယ်။ 11 အေးကျောန့် ခရစ်တော်တတ်တိုင်းဟ တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုဆရာများ၊ သင်းအုပ်ဆရာများနဲ့ ဆရာအရာနှိုက် ခန့်ထားခဲ့အယ်။ 12 အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။