Pular para o conteúdo
Publicidade

ဧဖက် 5

22 ၅.၂၂ ကော ၃.၁၈; ၁ ပေ ၃.၁ ပေါင်အိုမလို့၊ သခင်ဘုရားဟို နာခံသလိုမျိုး မိမိရဲ့ဖိုးအိုဟို နာခံကြလော့။ 23 အကျောန်းမှာ ခရစ်တော်ဟ အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာရဲ့ ကယ်တင်ဆှင်ဖြစ်ပင်း အေးအသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလိုမျိုး ဖိုးအိုဟလည်း ပေါင်အိုမရဲ့ ဦးခေါင်းဖြစ်အယ်။ 24 အားပင်း အသင်းတော်ဟ ခရစ်တော်ဟို နာခံသလိုမျိုး ပေါင်အိုမလို့ဟလည်း အရာရာနှိုက် ဖိုးအိုဟို နာခံကြရမယ်။

25 ၅.၂၅ ကော ၃.၁၉; ၁ ပေ ၃.၇ ဖိုးအိုလို့၊ ခရစ်တော်ဟ အသင်းတော်ဟို ချစ်ယွေ့ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်လဲ့နည်းတူ ပေါင်အိုမဟို ချစ်ကြလော့။ 26 နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊ 27 အစွန်းအထင်း၊ အတွန့်အရှုံ့မှစယွေ့ အေးလို့သောအရာ တစုံတခုမျှမဆိဘဲ သန့်ဆှင်းယွေ့ အပစ်ကင်းစင်သည့် ဂုဏ်အသရေဆိသော အသင်းတော်ဟို မိမိအားဆက်သနိန်ရန် အတွက်ဖြစ်အယ်။ 28 ဖိုးအိုများဟ မိမိကိုယ်ကို ချစ်သလိုမျိုး ပေါင်အိုမကိုလည်း ချစ်သင့်အယ်။ ပေါင်အိုမဟိုချစ်သောသူဟ မိမိကိုယ်ကို ချစ်အယ်။ 29 ငါလို့ရဲ့ ကိုယ်ခန္ဓာကို မုန်းသောသူဟူယွေ့ တယောက်မှမဆိပါ။ အဲအစား၊ ခရစ်တော်ဟ အသင်းတော်ကို လုပ်ဆောင်သလိုမျိုး သူလို့ဟို ကျွေးမွေးပြုစုစောင့်ဆှောက်အယ်။ 30 အကျောန်းမှာ၊ ငါလို့ဟ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်အယ်။ 31 ကျမ်းစာပြောတာအရ၊ "အေးအကျောန်းကျောန့် ယောက်ျားဟ မိမိ မိဘကိုစွန့်ယွေ့ မိမိပေါင်အိုမနဲ့ ပေါင်းစည်းပင်း အေးသူလို့နေဦးလို့ဟ တသားတကိုယ်တည်း ဖြစ်လာကြလိမ့်မယ်။" 32 အေးကျမ်းစာနှိုက် လျှို့ဝှက်နက်နဲသော သမ္မာတရားဆိအယ်။ ခရစ်တော်နဲ့ အသင်းတော်ဟို ရည်ညွှန်းတာဟို ငါနားလည်အယ်။ 33 အဲလိုလဲ အေးအရာဟလည်း နင်လို့ဟို ရည်ညွှန်းအယ်။ ဖိုးအိုတိုင်းဟ မိမိပေါင်အိုမဟို မိမိလိုမျိုး ချစ်ရမယ်။ အားပင်း ပေါင်အိုမတိုင်းဟ မိမိရဲ့ဖိုးအိုဟို ရိုသေရမယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.