25 ၅.၂၅ ကော ၃.၁၉; ၁ ပေ ၃.၇ ဖိုးအိုလို့၊ ခရစ်တော်ဟ အသင်းတော်ဟို ချစ်ယွေ့ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်လဲ့နည်းတူ ပေါင်အိုမဟို ချစ်ကြလော့။ 26 နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊