လူပဲ့သငယ်များနဲ့ မိဘများ
1 လူပဲ့သငယ်လို့၊ သခင်ဘုရားနှိုက် မိဘစကားကို နားထောင်ကြလော့၊ အကျောန်းမှာ အေးအရာဟို ပြုလုပ်ခြင်းဟ မန်ကန်သော အရာဖြစ်အယ်။ 2 "နင့်ရဲ့ မိဘဟို ရိုသေလော့" ဟူသော ကတိတော်ပါဆိသော ပထမဆုံး ပညတ် ဖြစ်အယ်။ 3 "အေးလို့လုပ်ရင် နင်ဟ မြေကြီးပေါ်နှိုက် ကောင်းစားယွေ့ နင်အသက်ရှည်ရလိမ့်မယ်။"