Pular para o conteúdo
Publicidade

ဧဖက် 6

ဘုရားသခင်ရဲ့ လက်နက်စုံ

10 နောက်ဆုံးမှာ၊ သခင်ဘုရားနှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ဆိုင်သော တန်ခိုးအရှိန်အဝါနှိုက် လည်းကောင်း ခွန်အားနဲ့ ပြေ့စုံကြလော့။ 11 ဘုရားသခင်ပေးသော လက်နက်ဆိသမျှကို ဝတ်ဆင်ကြလော့။ အေးလို့မှသာ နင်ဟ မာရ်နတ်ရဲ့ မကောင်းသော လှည့်ကွက်များကို ဆန့်ကျင်နိန်မယ် ဖြစ်အယ်။ 12 အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။ 13 အေးကျောန့် ဆိုးညစ်သော နေ့ရက်ကာလနှိုက် ကြံ့ကြံ့ခံယွေ့ အလုံးစုံလို့ဟို ပီးမြောက်စေလျက် ရပ်တည်နိန်ရန် ဘုရားသခင်ရဲ့ လက်နက်များဟို ဆောင်ယူကြလော့။

14 အေးကျောန့် သမ္မာတရားဖြင့် နင်လို့ဟ ခါးဟိုစည်းလျက် ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာဟို ဝတ်ဆင်ကာ အသင့်နေကြလော့။ 15 အားပင်း ငြိမ်သက်ခြင်းရဲ့ သတင်းကောင်းကို ကြေငြာရန် အသင့်ဆိသလိုမျိုး နင်လို့ရဲ့ ဖိနပ်ကို စီးကြလော့။ 16 ယုံကြည်ခြင်းဟို အကာအရံအဖြစ် အမြဲဆောင်ထားကြလော့။ အကျောန်းမှာ မာရ်နတ်က ပစ်သော မီးလောင်သော မြှားအားလုံးကို ချေဖျက်နိန်ကြလိမ့်မယ်။ 17 အားပင်း ကယ်တင်ခြင်းဟို သံခမောက်လိုမျိုး လက်ခံကြပင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော် ထားဟိုလည်း ယူကြလော့။ 18 ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.